Hello!ဂျပန်မှာစီးပွါးရှာနေကြတဲ့မြန်မာလူမျိုးတွေအတွက် ရင်းနှီးမြုပ်နှံခြင်းနှင့်ပတ်သက်တဲ့ ဆောင်ပါးဖြစ်ပါတယ်
၁)ကျွန်တော်တို့နိုင်ငံ တိုင်းပြည်က မအလကြောင့် လူအများစုဆင်းရဲတွင်းနက်သထက်နက်လာပါမယ်
၂)ကိုဗစ်ကြောင့်စုငွေနှင့်ကိုယ်စွမ်းရှိသည့်တိုင်စီးပွားရေးလုပ်ဖို့ခက်ခဲတာ
၃)ရေရှည်အတွက် FIRE ဖြစ်နိုင်ချေအခွင့်အလမ်းChanceရှိတာ
တကယ်လို့ စာဖတ်သူဟာ ဂျပန်မှာစီးပွါးရှာနေတယ်…လောလောဆယ်နိုင်ငံပြန်ဘို့အစီအစဉ်မရှိသေးဘူးဆိုရင် ခုပဲ NISA or Tsumitate NISA ကိုစတင်ဖို့အကြံပြုပါရစေ…ဘာကြောင့်ဆိုတာ အောက်မှာ အကျဉ်းချုံ့ရှင်းပြပါမယ်
ဂျပန်မှာနေထိုင်တဲ့ နိုင်ငံသား၊နိုင်ငံခြားသား ပဲဖြစ်ဖြစ် အသက် ၂၀ ပြည့်တဲ့သူတွေဆိုစတော့ရှယ်ယာအကောင့်ဖွင့်လို့ရပါတယ်…ပုံမှန်အားဖြင့်စတော့ရှယ်ယာဝယ်တာ၊ Bit coinစတဲ့ Digitial Currencyတွေကိုဝယ်ပြီးReturn(အမြတ်ငွေ)ရတယ်ဆိုရင် အကြမ်းဖျင်း ၂၀%လောက်ကို အစိုးရကိုအမြတ်ခွန်ဆောင်ရပါတယ်…ဒါကတော်တော်များတဲ့ပမာဏဖြစ်ပါတယ်NISA,TsumitateNISAကိုရင်းနှီးမြုပ်နှံဖို့အားပေးရတာကအောက်ကအချက်တွေကြောင့်ပါ
●Stock,FX,Digitial currency စတာတွေဟာ အကြမ်းအားဖြင့်အမြတ်ခွန် ၂၀%အထက်ဆောင်ကြရပါတယ်
●NISA,TsumitateNISAက သတ်မှတ်ထားတဲ့ပမဏတခုအထိအမြတ်ခွန်ဆောင်စရာမလို●Index fundတွေကနေရွေးပေးထားတဲ့စတော့တွေဖြစ်တဲ့အတွက် Riskအရမ်းနည်းပါတယ်
●ငွေအရင်းအနီးအများကြီးမလိုပါဘူး နေ့စဉ်၊အပတ်စဉ်၊လစဉ် ဝယ်လို့ရပါတယ်●ကြိုက်တဲ့အချိန်မှာထုတ်ရောင်းလို့ရပါတယ်
●ဖုန်းလေးတလုံးရှိရုံနှင့်အလုပ်ဖြစ် အချိန်ကုန်သက်သာ(Index fundဖြစ်တဲ့အတွက် စတော့ကိုတောက်လျှောက်ကြည့်နေစရာမလို)
●နိုင်ငံခြားသားလည်းဝယ်လို့လွယ် စတဲ့ကျန်တဲ့အားသာချက်တွေအများကြီးရှိပါတယ်
အားနည်းချက်ကတော့…
●ဝယ်လို့ရတဲ့ပမာဏကန့်သတ်ထားတာ
●ဝယ်လို့ရတဲ့ကာလသတ်မှတ်ချက်ရှိတာ
●NISA or TsumitateNISAတခုပဲအကောင့်ဖွင့်လို့ရတာ
ဝယ်လို့ရတဲ့ပမာဏက NISAကတစ်နှစ်ကို ယန်းသောင်း ၁၂၀ဖိုးပဲဝယ်လိုရတာရယ် အမြတ်ခွန်ကင်းလွတ်ခွင့်က ၅နှစ်ပဲရတာပါTsumitateNISAကတစ်နှစ်ကို ယန်းသောင်း ၄၀ဖိုးပဲဝယ်လလို့ရတာရယ် အမြတ်ခွန်ကင်းလွတ်ခွင့်နှစ် ၂၀ပဲရှိတာပါ(2018မှာစတင်ပြီး-2037ခုနှစ်မှာပြီးဆုံးပါမယ်)တကယ်လို့ သင်ဟာ ဂျပန်မှာနေတယ်၊လောလောဆယ်မပြန်သေးဘူး၊ငွေလည်းအသင့်အတင့်စုနိုင်တယ်၊ဂျပန်စာလည်းဖတ်တတ်တယ်ဆိုရင်ချက်ချင်းပဲစဖို့တိုက်တွန်းပရစေ…
သတိထားရမှာက
●စတော့ဆိုတာ အတက်အကျရှိတယ်
●ရင်းနှီးမြုပ်နှံထားတဲ့ငွေတွေနည်းသွားလည်းစိတ်ထိန်းနိုင်ရမယ်၊ခဏခဏSwitchingလုပ်ရင်အခွင့်အရေးဆုံးရှုံးနိုင်ချေများ
●မမြုပ်နှံခင် လခစားဆိုရင် ကို့ရဲ့လစဉ်အသုံးစရိတ်ရဲ့ ၆လစာ၊ကိုယ်ပိုင်အလုပ်လုပ်တဲ့သူဆို ၁နှစ်စာစုငွေကိုဘဏ်မှာအရေးပေါ်အသုံးစရိတ်အနေနှင့်စုထားတာပိုပြီးကောင်းပါတယ်၊
コメント